ဒီဇင်ဘာသည် ချိုပါတယ်။
ချောင်းဆိုး၊ ရင်ကျပ်၊ သလိပ်ကပ်၊ အသံဝင် ဆေးတွေ သုံးစားမရတော့လောက်အောင်ကို ချိုပါတယ်။
- Preview လေး ရေးြပီး ချောင်းဆိုးပျောက်ဆေးကြောင့် လူပါပျောက်သွားသလားလို့ ထင်နေကြမလားပဲနော်။
သတိတရ ရောက်လာကြတဲ့ မကြီးမီယာတို့၊ ကိုညိမ်းနိုင် တို့ကိုရော, အနားယူရာက စာရေးမလား လာလာချောင်းကြတဲ့သူအားလုံးကိုရော အားနာစွာ ထပ်နှုတ်ဆက်ပါတယ်။
ဒီဇင်ဘာကို ချိုမြိန်စွာ ကုန်လွန်နိုင်ကြပါစေကြောင်း ...
ချိုလွန်းလို့ ထင်ပါရဲ့.. ပုရွက်ဆိတ်တွေ ဘယ်ကမှန်းမသိ ပြုတ်ကျကျလာတယ်။
ဒီဇင်ဘာလဆန်းလောက်က ချောင်းဆိုးတာတော့ အချိုတွေစားလွန်းလို့ သက်သာသွားပါပြီ။
ကိုယ့်တိုင်းပြည်ကိုယ်ပြန်ရောက်နေတုန်းမို့ မြန်မာဆောင်းတွင်း အရသာကို ချိုမြိန်စွာခံစားရပါတယ်။ ကိုယ့်မွေးရပ်မြေဆိုတော့ ဆောင်းတွင်းနေပူပူအောက်မှာ ဖုန်နံ့တွေလည်း ချိုနေတာပါပဲ။
ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းတွေနဲ့ အစ်မကြီးတွေနဲ့ ဆုံရတယ်.. ချစ်ခဲ့သောကျောင်းမှ ဆရာဆရာမတွေကို ဆုံတွေ့ခွင့် ကန်တော့ခွင့်ရခဲ့တယ်။ သူငယ်ချင်းများ ကောင်းမှုနဲ့ ကမ္ဘာအေးလှိုဏ်ဂူမှာ မြတ်စွယ်တော်ကိုလည်း ဖူးခွင့်ကြုံပါတယ်။ နှစ်ပေါင်းများစွာ မရောက်ခဲ့တဲ့ (ရောက်တော့မှာမဟုတ်ဘူး လို့တောင် ထင်ခဲ့တဲ့) ဗိုလ်တထောင်ဘုရားပွဲလည်း ရောက်ဖြစ်တယ်။ ပြန်မြင်ရတော့ အရင်လိုပါပဲ။
ဘုရားအများကြီး ရှိခိုးဖြစ်တယ်။ အားလုံးအတွက်လည်း တစ်ခါတည်း မေတ္တာပို့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဘာဖြစ်တယ် တို့၊ ထပ်လာမယ့်နှစ်မှာ ဘာဖြစ်မယ် တို့၊ ပြန်သုံးသပ်တာတွေ ထပ်ပြင်ဆင်တာတွေ လူကြီးတွေ လုပ်နေကျမို့ မလုပ်တော့ပါဘူး။ ဒီဇင်ဘာမှာ ဒီဇင်ဘာလိုပဲ ချိုမြိန်စွာနေတာ ကောင်းပါတယ်။
ပုရွက်ဆိတ်တွေကို နေ့တိုင်းမြင်နေရလို့ ပုရွက်ဆိတ်နဲ့ နှံကောင် ပုံပြင်ကို မကြာခဏ သတိရနေပါတယ်။ ကိုယ်က နှံကောင်မဟုတ်ပေမဲ့ ပုရွက်ဆိတ်တွေ ဘေးနားရောက်လာရင် နေရထိုင်ရ ကျပ်ပါတယ်။ အကြင်နာတရားများစွာနဲ့ မသုတ်သင်ရက်ဘူး ဆိုတော့လည်း ပရုတ်လုံး မကယ်နိုင်၊ စားပွဲသုတ်ဆေး မကယ်နိုင် ဖြစ်နေရဆဲပါ။ သူတို့ဘာတွေ ဘယ်နေရာမှာ စုဆောင်းနေလဲတော့ မသိဘူး။ တိုးတိတ်ငြိမ်သက်စွာ တရွေ့ရွေ့လှုပ်ရှားနေကြတာမြင်တော့ လေးစားသလိုလိုပါပဲ။ အကောင်သေးပေမဲ့ အထင်မသေးပါဘူး။ သူတို့ကိုက်ရင်နာတာ သိပါတယ်။
ရောက်ရာနေရာမှာ ပုရွက်ဆိတ်တွေ့နေတဲ့ ဒီဇင်ဘာမို့ နှစ်ပေါင်းများစွာအတွင်းမှာ အချိုဆုံးပဲလို့ ထင်ပါတယ်။ အချိုလွန်ပြီး ပုရွက်ဆိတ်ကို မခံရအောင်လည်း သတိထားနေရပါတယ်။ ဒီနှစ်မှာတော့ ပုရွက်ဆိတ်တွေဟာ ဒီဇင်ဘာကို လွှမ်းမိုးနေပါတယ်။ "ပုရွက်ဆိတ်ရှိရင် ခြမရှိဘူး" ဆိုတဲ့ လူကြီးသူမများ ပြောပုံအတိုင်းဆိုရင်တော့ ကိုယ်နေတဲ့ဝန်းကျင်မှာ ခြစားခြင်းမရှိဘူးလို့ မှတ်ပြီး ဝမ်းသာနေရမယ်ထင်ပါတယ်။
-အားလုံးကို သတိရလျက် - နွေးထွေးပျော်ရွှင်ကြပါစေ -
8 comments:
အင်း...End လ မှာ အန့်တွေ ကြီးစိုးနေတယ်ဆိုတော့ Endအန့်ချင်း ပေါင်းတော့ အကောင်းတွေ ဖြစ်လာတော့မှာပါ။ :)
အချိုလွန်ပြီး ပုရွက်ဆိတ် ကိုက်မခံရအောင် သတိထားနေရတယ် ...း-))
ကျွန်တော်တော့ မချိုမြိန်ပါဘူးဗျာ သူများတွေ ချိုမြိန်လွန်းလို့ ပုရွက်ဆိတ်တောင် တက်တာကို မနာလို ဖြစ်မိပါတယ်
Sweet December ဖတ်သွားတယ် ရွှမ်းမီရေ။
Merry Christmas & Happy New Year !!!
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ချိုသောဒီဇင်ဘာမှာ ပွက်ဆိတ်အကိုက်မခံရပါစေကြောင်း
ဆုတောင်ပေးလိုက်ပါတယ်ဗျား...:)))
Happy New Year !!! ရွှမ်းမီလေးရေ ပျော်ရွှင်ဖွယ်
နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး အေးချမ်းပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Visit my web site to find where you are.
Seik wun sar lar pi.
Thanks, Mr. Anonymous :)
Post a Comment