Tuesday, September 13, 2011

Journey to the West - ၁


Journey to the West
အနောက်သို့ ခရီးသွားမှတ်တမ်း


ပြီးခဲ့တဲ့တစ်ပတ်က အိမ်ကိုလွမ်းလွန်းလို့ အိမ်ပြန်လာတယ်။
လမ်းမှာကြုံရတာတွေ၊ တွေ့ရတာတွေ အမှတ်တရ ရေးချင်ပေမဲ့ ရေးမှတ်ချလာတဲ့ စာအုပ်လေး ပျောက်သွားတယ် ဆိုပါတော့။
ငါးရက်စာလောက် ကြွားစရာ ညည်းစရာတွေ ပျောက်သွားတာ စာဖတ်သူ ကံကောင်းတယ်မှတ်ပါ။
ဘာပဲ ဖြစ်ဖြစ် မှတ်မိသလောက်ပေါ့..

ကိုယ်ရှင်သန်ခဲ့တဲ့ အတိတ်က နေရာတစ်ခုကို အူကြောင်ကြောင်ပြန်ရောက်လာသလို ဖြစ်နေတာတော့ အမှန်ပါပဲ။
လေးထောင့်ကျကျ အဆောက်အဦတွေကြား၊ ဗွက်ထူထူလမ်းပေါ်လျှောက်ရတာ အခန်းဆက် အိပ်မက်ရှည်တွေကို ပြန်မက်နေရသလိုပဲ။
မွေးရပ်မြေဟာ အတော်များများ ပြောင်းလဲသွားသလို၊ ဘယ်နားကြည့်ကြည့် အရင်တိုင်းပဲလို့လည်း ထင်နေရပါတယ်။

အနောက်အရပ်တည့်တည့်မှာ ရှိတာမဟုတ်ပေမဲ့၊ ငယ်ငယ်တုန်းကနေခဲ့သော၊ ခေတ်ဟောင်းထဲမှာ နေရစ်သော ခြေရာဟောင်းတွေ ရှိရာကို ပြန်လာရတဲ့ခရီးမို့ Journey to the West လို့ပဲ နာမည်ပေးလိုက်ပါတယ်။ "အနောက်သို့ခရီးသွားမှတ်တမ်း" ပေါ့။ သည်နာမည်နဲ့ နာမည်ကြီး တရုတ်ဇာတ်လမ်းတော့ ရှိခဲ့တာ မှတ်မိပါတယ်။ အနောက် ဆိုတဲ့ စကားလုံးကိုရော ခရီးသွား ဆိုတဲ့ စကားလုံးကိုရော သဘောကျပါတယ်။ ရိုးရှင်းစွာ မှတ်ရလွယ်တာလည်း ပါပါတယ်။

အခြေအနေတွေကတော့ သိတဲ့အတိုင်းပါပဲ.. စတာနဲ့ကို ဟဲလို.. ဘိုင့်ဘိုင် ြဖစ်နေပြီ။
များသွားရင်လည်း မလိုအပ်ဘဲ ဖောင်းပွနေမဲ့တူတူ ဖြည်းဖြည်းချင်းပဲ ဆက်ရေးပါဦးမယ်။ တစ်လှမ်းချင်း တစ်လှမ်းချင်းပဲပေါ့။
ကြိုဆိုကြသူများအားလုံးကို ချစ်ခင်စွာ ကျေးဇူးတင်ပါတယ်။


မှတ်ချက်။ ။
စာတင်ဖို့ အဆင်ပြေတာမို့ ဖဘမှာ အကြမ်းရေးထားတာကို ပြန်တင်လိုက်ပါတယ်။
ရေးစရာတွေထဲက တချို့တချို့တေတွကို မေ့သွားမယ်ထင်ပေမဲ့ မမေ့သေးတာတွေလည်း ပါနေတယ်။
အစစ အဆင်ပြေစေဖို့ ဆုတောင်းပေးသူများကိုလည်း ကျေးဇူးတင်ပါတယ်။

ပြီးခဲ့တဲ့အပတ်က တင်ထားခဲ့တဲ့ 14 mirrors post မှာ အချို့ ဖိုင်ဆွဲယူလို့ မရဘူးလို့ သိရပါတယ်။ တစ်နည်းနည်းနဲ့ အဆင်ပြေအောင် ကြိုးစားကြည့်ပါဦးမယ်။

3 comments:

Anonymous said...

မွေးရပ်မြေဟာ အတော်များများ ပြောင်းလဲသွားသလို၊ ဘယ်နားကြည့်ကြည့် အရင်တိုင်းပဲလို့လည်း ထင်နေရပါတယ်။

ရွှန်းမီရေးတာ သဘောကျလို့ ကူးထည့်လိုက်တယ်.။


ပေါက်

ShwunMi- said...

:)
I wonder if everyone does feel the same.

yemonkyaw said...

ဗွက်ထူထူလမ်းပေါ်လျှောက်ရတာ ဆိုတော့ Debian camp First Day လား....