Monday, September 26, 2011

သို့ မမမိုး


သို့ မမမိုး

တိမ်ထူထူတွေ အုံ့မိှုင်းနေလည်း
နွေက နွေပါပဲ သူငယ်ချင်း..

လေပြင်းတွေ သုန်သုန်တိုက်ခတ်သွား
ခြောက်ကပ်ကပ် သစ်ငုတ်တွေ ဟားတယ်
နားလိုက်စမ်းပါဦး မိုးစက်များ
ပင်လယ်ဖြစ်ဖို့ အများကြီး လိုပါသေးတယ် တဲ့။

မဲ့ပြသွားတဲ့ သက်တံတွေအောက်မှာ
စီးဆင်းတိုက်စားသွားတာ ရှိသလို
ဗွက်ပေါက်တဲ့ နေရာလည်း ရှိရဲ့..
ခမ်းခြောက်တဲ့ နေရာလည်း ရှိရဲ့..

ကမ္ဘာ့ရေထုနဲ့ နိှုင်းတဲ့ခါ
ရေချိုရေကောင်း သန့်သန့်ရှင်းရှင်းဟာ
တစ် ရာခိုင်နှုန်းသာပဲ ရှိတော့တယ်..
ပင်လယ်ဟာ ရေငတ်မှ မပြေဘဲ..

မရွာဘဲ မည်းလိုက်ပါနဲ့ ရွှေမိုးညိုရာ
မိုးခေါ်တဲ့ ရွှေပိန်ညင်းမှာလည်း
လွန်ဆွဲပွဲကို စိတ်မနာနိုင်သေး ...


Shwun Mi - ရွှန်းမီ

4 comments:

အိမ့်ချမ်းမြေ့ said...

မိုးသံလေသံ နားဆင်ရင်း ရွှေပိန်ညင်းကိုလည်း ငေးသွားတယ် မီ..

PAUK said...

ဒီကတော့ ဆင်ရာတိမ်မိုး ဆိုတဲ့
သီချင်းကို ကြားယောင်သွားတယ်..။

PAUK said...

မိုး မညိုနဲ့ဦးလေ..
ဒီရာသီက နွေ...
အို ..မိုးးး..မပြိုနဲ့ဦးလေ..
နေစရာ အဆင်မသင့်ခင်....
ပြင်ဆင်စရာ လိုလိမ့်မယ်..မိုးရယ်...
အမှန်တကယ် လိုသေးတယ်...

အိလာတဲ့မိုးကို..
မပြိုခင် ရင်ဆိုင်ဦးမယ်..
အိုမိုး....ဒီတော့လည်းလေ...
ပြိုမလိုလို..ညို့ပြီးမှ ပြေးတယ်...
ဘယ်ဆီမှာ ညိုဦးမယ်..။

(ဆိုင်မဆိုင်တော့ မသိ ဝင်ဆိုသွားတယ်)

ကြယ်ပြာ said...

ညီမလေး ရွှန်းမီ ... ခေါင်းစဉ်ကလွဲရင် ကျန်တာတွေ ဖတ်လို့မရဘူး ... စီပုံးလဲမရှိလို့ ဒီထဲပဲလာမန့်သွားတာ ... ဘာ Font နဲ့သုံးထားတာလဲဟင် ... မရောက်တာအလွန်ကြာမို့ သတိရကြောင်းလေးလာပြောတာပါ ....