"ကြိုးကျစ်ဆရာ"
ကြိုးကျစ်ဆရာရေ
ပိုက်ကွန်တွေ တစ်လှေကြီးကို
ဘယ်လို ရက်လုပ်ခဲ့သလဲ
လက်ထဲမှာ
ကြိုးမျှင်တွေပါပဲ
ရှုပ်နေရင် ရှင်းရတယ်
တစ်ပင်ချင်း တစ်ခင်ချင်း
ရှင်းနေရင်
တစ်ခါပြန်ပြီး
ချည် ရစ် နှောင် နွယ်
တစ်ပင်ချင်း တစ်ခင်ချင်းနဲ့
ကြိုးလွန်းများစွာ
ရက်ရှယ်ကြမယ်
ပိုက်ကွန်ကြီးငယ်များ
ကြိုးတံတားများ
ကြိုးလှေကားများ နဲ့
သွယ်တန်းထုံးဖွဲ့
ကြိုးတွေနဲ့ တည်တဲ ့ကမ္ဘာမှာ
ကြိုးတွေဟာ အသက်ဝင်လာတယ်
အသာအယာ ယိမ်းပါကခုန်ရင်း
ကြိုးကွင်းသစ်များလည်း မွေးဖွားခဲ့
ကြိုးကျစ်ဆရာရဲ့ ခြေရင်းမှာ
ကြိုးခင်း ကြိုးခွေတွေ ဝပ်စင်းခဲ့
သူ့ရဲ့ လက်ထဲမှာပဲ
တကယ်တော့
ဓားလည်း ရှိနေတယ်။
//written by - ရွှန်းမီ //
6 comments:
မီရေ... ကဗျာလေး လာဖတ်သွားတယ်။ ကဗျာလေးက အသက်ဝင် လှပလွန်းတယ်။ weaver ဆိုတဲ့ စာလုံးလေးလည်း မှတ်သွားတယ်း)
weaver ရှိမနေရင် ကြိုးတွေလည်း ဖြစ်မလာနိုင် ဘူးပေါ့...
အတွေးလေး သစ်တယ် ။
ကြိုးကျစ်ဆရာက ကြိုးတွေကို
ပိုင်ပိုင်နိုင်နိုင် ကျစ်ဖွဲ့နိုင်သလို
မလိုတာတွေကို ထက်ထက်မြမြ ဖြတ်ထုတ်နိုင်ဖို့
ူပြတ်သားတဲ့ ဓားကလည်း အသင့်..။
အင်း...ကျွန်တော်တို့လည်း ကြိုးတွေရစ်ရင်း၊ချည်ရင်း၊
နှောင်ရင်း မလိုတော့တဲ့ကြိုးတွေအတွက် ဓားဆောင်ထား
မှထင်ရဲ့....၊အတွေးလေးတွေပွားသွားစေတဲ့ကဗျာလေး
ပဲဗျာ...သဘောကျတယ်..၊အထူးသဖြင့် နောက်ဆုံးပိုဒ်လေး
ဖတ်လိုက်ရတော့ နဲနဲရှော့ရသွားတယ်....။
ohhh now I got something to think ..
;)
ဆည်းလည်းသံ၊ ခေါင်းလောင်းသံနဲ့ စေတီတော်ရဲ့ ရင်ပြင်ပေါ်မှာ ဒီကဗျာကို ရွတ်ဆိုချင်တယ်
Post a Comment