Friday, August 12, 2011

Lost Friend


"ဘော်ဒါဟောင်း"

ငြိမ်းချမ်းရေး ..
.. လို့ အော်လိုက်ရင်
ငြိမ်းချမ်း ရေ ..လို့
ခေါ်တယ် ထင်ဦးမယ်

အမှန်က ..
ဘာမှ မမှန်ဘူး
ဘာမှမမှန်တော့
.. ခဲတွေ မှန်သွားတယ်

မှန်တာတွေ များသွား
နာစရာတွေလည်း များလာ ..
အပြန်အလှန် နာကျင်စေမှ
တရားမျှတမယ် ထင်ကြရင်
မှန်ချင်သလို မှန်နေဦးမှာလေ ..

ြငိမ်းချမ်းရေ
တို့တွေ မခေါ်ခဲ့ကြဘူး .. ။

//written by- ရွှန်းမီ

5 comments:

Anonymous said...

တို့က ပု တယ်..။
ဘော်ဒါဟောင်း ရွှန်းမီးစ်ရေ..။

ချစ်တဲ့သူငယ်လေ..
သူငယ်ချင်းကောင်း(ဟောင်း).
ယောင်းမတို့ရေ....



ပေါက်

လင်းဒီပ said...

အခေါ်အပြောပျက်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ပတ်သက်တာလို့ ပေါ့ပေါ့လေးတွေးလို့ရသလို....
ငြိမ်းချမ်းရေးလည်း ဆိုသေး တုတ်တပြက် ဓားတပြက်ဖြစ်နေတာပါလားလို့လည်း လေးလေးပင်ပင် တွေးယူလို့ရတဲ့ ကဗျာလေးပါပဲ ။

ShwunMi- said...

:) thank you.

Mhu Darye said...

သဘောကျတယ် ရွှန်းမီရေး)

Younggun said...

အမှန်က ဘာမှ မမှန်ဘူးတဲ့.. :(