Monday, August 29, 2011

14 Little Mirrors

From someday in 2007 Aug, I started Blogging. I really want to say 'Thank you!' to all my friends and readers for encouraging me to write in these years. It is hard to believe I have been writing all the way, although there are less than 300 posts in 4 years. Everyone I knew and every post I read from Blogging environment are precious to me. So, I will keep blogging.


မြန်မာစာ စာလုံးတွေ (လေးထောင့်တုံးတွေ) ကို အင်တာနက်ထဲမှာ မြင်ဖူးပြီးလို့ တော်တော်ကြာမှ ကိုယ့်ဘာသာ စာမျက်နှာတစ်ခု လုပ်ြပီး စာတွေ စရေးဖြစ်ခဲ့ပါတယ်။ ဘလော့ စလုပ်လုပ်ချင်း သုံးလလောက် လေးထောင့်တုံးတွေပဲ မြင်သေးတယ်။ အဲ့လိုအခြေအနေကနေ ဘလော့နဲ့ ပတ်သက်သမျှ အစအဆုံးနီးပါး ကူညီခဲ့သူတွေတောင် အနားယူသွားပြီဖြစ်တဲ့ ခုချိန််အထိ ဆက်ရေးဖြစ်ပါတယ်။


ဘလော့ရေးဖို့ သီးသန့်အမည်အဖြစ် ရွှန်းမီ လို့ ကိုယ့်ဘာသာရွေးခဲ့ပါတယ်။ စစချင်းမှာ အမည်တစ်ခုရွေးဖို့ အကြံပေးလာတာနဲ့ တစ်ခါတလေမှ ခေါ်ခံရတဲ့ ရွှေမိ ဆိုတဲ့နာမည်ကို သဘောကျတယ်လို့ ဆရာ့ကို ပြောမိပါတယ်။ အဲ့သည်မှာ 'ညည်းက တောမြင်ဖူးလို့လား' ဆိုပြီး အမေးစကားနဲ့ ကန့်ကွက်ခံထိပါတယ်။ သည်လိုနဲ့ တောအစစ်ကို မမြင်ဖူးသော ကွန်ကရစ်တောသူတစ်ယောက် ရွှန်းမီ ဖြစ်သွားပါတယ်။

အမည်တေွထဲမှာ နာမဝိသေသနစာလုံးနဲ့ တြိယာဝိသေသနစာလုံး တွဲထားတာရှားပုံရပါတယ်။ အဲ့ဒါကြောင့် ကိုရီးယားနာမည်လား၊ တရုတ်နာမည်လား မေးရင် ဗမာလိုပြန်ဖြေရတာ နဲနဲတော့ ရင်ထဲအောင့်ပါတယ်။ အမည်စာလုံးနှစ်ခုစလုံး အဘိဓာန်ထဲမှာ ရှိပေမဲ့ ဖွင့်ဆိုရှင်းလင်းချက်တွေက နက်နဲလွန်းလို့ နားမလည်တာလည်း ြဖစ်နိုင်လောက်ပါတယ်။ စာလုံးမှားပေါင်းတဲ့ သူတွေလည်း မနည်းဘူးဆိုတာ သိလိုက်ရတယ်။ ဘာလို့ စာလုံးပေါင်းရခက်တာကြီး ရွေးယူမိသလဲ မသိပါဘူး။ 

ဗမာစာနဲ့ စာလုံးဝိုင်းဝိုင်းလေးတွေကို သဘောကျလို့ ရေးချင်ရာ၊ လက်လှမ်းမီရာ အကြောင်းလေးတွေကို ရေးဖြစ်ခဲ့ပါတယ်။ ဟိုနည်းနည်း၊ သည်နည်းနည်းတွေ ပါဝင်သည်- ဆိုတာမို့ စုံစီနဖာစာမျက်နှာ ဖြစ်ပါတယ်။ 'စုံစီနဖာ' ဆိုတဲ့ စာလုံးရဲ့ မူရင်းဇစ်မြစ်ကို စိတ်ဝင်တစား လိုက်ရှာနေဆဲ ဖြစ်ပါတယ်။    


Shorties 14

သည်းခံခွင့်လွှတ်သမျှအတွက် ကျေးဇူးတင်ပါတယ်။
Thank you all for being here with me on this page. ^_^

8 comments:

Anonymous said...

happy blog day..




ayguf
ဟီးဟီး.ဒီလိုရေးလိုက်ရင် ဘယ်သိတော့မလဲ..။

ShwunMi- said...

Thanks for your visit.

တကယ် ဘယ်သူမှန်း မသိဘူး.. စာလုံးတွေက
a-yu-g ဆိုလား .. အဲ့လိုနာမည်လည်း မရှိပါဘူး.. မဟုတ်လောက်ပါဘူးလေ..

:D lundarshi wondami (in japanese)

Anonymous said...

အော်...
အရူးကြီးလို့ ပြောချင်တာပေါ့လေ..။
သိမယ်..
ဘယ်တော့မှ မကုတ်ဖူးမှတ်ပါ..
ဇော်ကသာ ကနေပါတော့မယ်..။
ဟင်းး
မှတ်ပလား..။

မှတ်ချက်..။ ။
လွန်မှန်းတော့ သိသေးတယ်ပေါ့လေ..။

မှတ်ချက် ။ ၂ ။
ဘလော့ရှိတာ..
ဘလော့လည်တာ..
ဘလော့ ဖြစ်တည်တာ..
ဒါတွေကောင်းတာ..။
ပြန်လည်ခြေပခွင့် ရှိနေလို့..။
ဟိဟိ


ပုံ..။
ဒါရှိ ဒါမိ စံ(ဂျပန်နာမည်ပါပဲ..ဟင်းး)

sonata-cantata said...

ပုံပြင်လေးတွေ ဖတ်သွားတယ်။
သားတို့ကို ဖတ်ပြချင်တာ...
ပုံပြင်ကပေးတဲ့ သင်ခန်းစာတွေကို
တဖက်လှည့်နဲ့ ပေးချင်လို့...
သူတို့က ဂိမ်းတွေပဲ စိတ်ဝင်စားနေတယ် ရွှန်းမီရယ်...။

JulyDream said...

ရေးနိုင်သမျှ ရေးနေတဲ့သူတွေကို အားကျမိပါတယ်။

Younggun said...

ကဗျာတွေ ပိုရေးစေချင်တယ် စာဖတ်သူတစ်ဦးရဲ့ ဆန္ဒပါ ပုံပြင်တွေလည်း ထိမိပါတယ် ဒါပေမဲ့ ကဗျာက ကျွန်တော့်ကို ပိုသိမ်းပိုက်မိတယ်

အိမ့်ချမ်းမြေ့ said...

မလေး လာတယ်.. မီတင်ထားတာ သေချာ မဖတ်ရသေးဘူး။ ညမှ ဖတ်တော့မယ်..

ချစ်တဲ့..
မလေး

ShwunMi- said...

:) အားလုံးကို ကျေးဇူးတင်ပါတယ်

I really thank you for your visit.