ဒဏ္ဍာရီ
ပန်းတွေပိုမွှေးစေရုံကလွဲလို့
နေရောင်ခြည်ဟာ
ဘာမှပြန်မရခဲ့ဘူး။
နှင်းခဲတွေ အရည်ပျော်ရုံ
အလင်းရောင် နွေးနွေးလေးနဲ့
ချောက်ကမ်းပါးတစ်ခုဘေးမှာ
စမ်းချောင်းလေး ဖြတ်ပြေးစေခဲ့တယ်။
ငှက်တွေတေးဆိုသံကလွဲလို့
မိုးတိမ်တိုက်ဟာ
ဘာမှပြန်မရခဲ့ဘူး။
သစ်ပင်တွေ ပိုစိမ်းစိုလာရုံ
မိုးစက်ပွင့် သေးသေးလေးများနဲ့
ချောက်ကမ်းပါးတစ်ခုဘေးမှာ
စမ်းချောင်းလေး ဖြတ်ပြေးစေခဲ့တယ်။
လူးလွင့်တဲ့ရွက်ကြွေကလွဲလို့
လေပြေညင်းဟာ
ဘာမှပြန်မရခဲ့ဘူး။
ပန်းပွင့်တွေ ယိမ်းနွဲ့နေစေရုံ
ငှက်တွေ ပျံသန်းနိုင်စေရုံနဲ့
ချောက်ကမ်းပါးတစ်ခုဘေးမှာ
စမ်းချောင်းလေး ဖြတ်ပြေးစေခဲ့တယ်။
//written by: ShwunMi
6 comments:
စမ်းချောင်းလေးရဲ့ ဒဏ္ဍာရီလေးပေါ့နော်....နိမိတ်ပုံတွေနဲ့
ဖွဲ့ထားတဲ့ကဗျာလေးကလှသဗျ....။
စိတ်ကူးရသလို ရေးလိုက်တာပါ။ ကျေးဇူးပါ ကိုငြိမ်းနိုင်း)
နေရောင်ခြည် ကိုယ် ဖြစ်သွားလိုက်...
စမ်းချောင်းလေးထဲက ရေ ဖြစ်သွားလိုက်နဲ့...
ဒီကဗျလေးဖတ်ရတာ..
မလေး နိမ့်လိုက်မြင့်လိုက်ဖြစ်သွားတယ်..
လှတယ်..
လှပတဲ့ ကဗျာလေးအတွက် ရွှန်းမီကို ကျေးဇူးတင်ပါတယ်
:) all the best thanks to you :)
လူးလွင့်တဲ့ရွက်ကြွေကလွဲလို့
လေပြေညင်းဟာ
ဘာမှပြန်မရခဲ့ဘူး။
ဘာမွ ျပန္မရခဲ့ဘူး...
Post a Comment