ရေစီး
ပန်းပွင့်တွေ ကြွေကျသွားလည်း
လိပ်ပြာတွေ ကခုန်နေဆဲ
သစ်ရွက်တွေ လေထဲလွင့်သွားလည်း
ပန်းပွင့်တွေ ယိမ်းနွဲ့မြူးနေဆဲ
ထူးဆန်းတဲ့ လောကကြီးထဲမှာ
အရာရာဟာ ဆက်နွယ်မှုရှိတယ်။
နွယ်ပင်တွေ သွယ်ပျောင်းနေတိုင်းမှာ
သစ်ပင်တွေ ရုန်းခွင့်မသာဘူး။
နေရောင်ဟာ သာယာလွန်းနေရင်
အချင်းချင်း ပွေ့ဖက်ထားကြတယ်
မိုးတကယ် သည်းလာတဲ့အခါ
အသာလေး ရှောင်ထွက်ပြေးကြရော။
//written by- ShwunMi (/ရွှန်းမီ/)
2 comments:
lovely
lovely.. ချစ်ဖို့ကောင်းတယ် ။ စိမ်းစိုနေတဲ့ တောထဲတောင်ထဲက စမ်းချောင်းလေးနား ရောက်သွားသလိုမျိုး ။ ကိုယ်ခံစားရတယ်။
း)
Post a Comment